လူတိုင်းလိုလိုအနည်းနဲ့အများတော့ ပူပန်မှုတွေရှိကြပါတယ်။ ဒါပေမယ့် တကယ်ပူပန်ဖို့လိုအပ်လို့ပူပန်ရတာက ဖြစ်သင့်ပေမယ့် မလိုအပ်ဘဲ ပူပန်နေခြင်း တနည်းအားဖြင့် မဖြစ်နိုင်တာတွေကို ကြိုတွေးပူပန်ခြင်း၊ စိုးရိမ်လွန်ခြင်း၊ သံသယများခြင်းကဲ့သို့ ပူပန်ခြင်းတွေကတော့ လူကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒါအပြင် လူကို စိတ်ကျန်းမာရေးထိခိုက်စေသလို တဖြည်းဖြည်း ကိုယ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်။ အယောက်စီတိုင်းကိုလိုက်ပြီးပူပန်နေမယ့်အစား ကိုယ်လုပ်နိုင်တာလေးကို လုပ်ပေးလိုက်ခြင်း ဒါမှမဟုတ် ကိုယ်အကြံပေးနိုင်တာကိုပေးလိုက်ခြင်း(လုပ်ခြင်းမလုပ်ခြင်းကတော့ ကာယကံရှင်ကိစ္စဖြစ်သွားပါပြီ) ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ပေးပြီးရင် အပူလျှော့အောင်နေတတ်ဖို့ ကျင့်ယူသင့်ပါတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ကိုယ်စိတ်ကျန်းမာရေးကိုမထိခိုက်စေမှာပါ။ အဲဒီလို ပူပန်မူအနည်းဆုံးဖြစ်အောင် ကျင့်ယူသင့်တဲ့အချက် (၆)ချက်ရှိပါတယ်။ ဖတ်ကြည့်လိုက်ပါအုံးနော်။ ၁) ဘယ်တော့မှမမုန်းပါနဲ့။ လူတစ်ယောက်ကို မုန်းတီးနေတာက သင့်အိမ်မှာရှိတဲ့ကြွက်တွေကိုရှင်းဖို့ သင့်အိမ်ကိုသင် မီးရှို့နေတာနဲ့တူပါတယ်လို့ HarryEmersonFosdick ကပြောထားပါတယ်နော်။ ပြောချင်တာက လူတစ်ယောက်ကိုမုန်းတီးနေခ...
Comments
Post a Comment