စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ

အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။ အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။ သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့...