စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ
အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။
အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။
သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့ စိတ်ဓာတ်ကျနေတဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ သူငယ်ချင်းမျိုးတွေ့တဲ့အခါ အားပေးကူညီပေးဖို့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။
၁) ရင်ဖွင့်ဖို့ လမ်းကြောင်းပေးပါ။
ထိုကဲ့သို့ စိတ်ဓာတ်ကျတဲ့သူတော်တော်များများက သူတို့ကိုယ်သူတို့ ကမ္ဘာလောကကြီးမှာ တစ်ယောက်တည်းကဲ့သို့ ခံစားနေရတဲ့သူများပါတယ်။ ဘယ်သူကမှ သူတို့ကို နားမလည်ပေးနိုင်ဘူးဆိုတာမျိုးပေါ့။ အဲဒါကြောင့် သူငယ်ချင်းရဲ့အခြေအနေက စိတ်ဓာတ်ကျတဲ့ပုံစံမျိုးဖြစ်နေတာမျိုး မသင်္ကာဖြစ်နေရင် သူ့ကိုရင်ဖွင့်ဖို့ စကားတွေနဲ့လမ်းကြောင်းပေးပါ။ သူပွင့်လင်းစွာရင်ဖွင့်လာပါစေ။ ဘာတွေဖြစ်နေသလဲ……၊ ဘာတွေ ခံစားနေရသလဲ…….။ အကောင်းဆုံး ဖြေရှင်းမယ့်နည်းလမ်းကို ဝိုင်းကူစဉ်းစားပေးမယ့်အကြောင်းပြောပြပေးပါ။ လောကမှာ တစ်ယောက်ထဲမဟုတ်ဘဲ ကူညီဖြေရှင်းပေးနိုင်မယ့် သူငယ်ချင်းတွေရှိသေးလို့ ရင်ဖွင့်စေလိုကြောင်း ပြောပေးပါ။
၂) သေချာအာရုံစိုက် နားထောင်ပါ။
တကယ်လို့များ သူငယ်ချင်းက ရင်ဖွင့်လာခဲ့ရင် သေချာနားထောင်ပေးပါ။ အာရုံစိုက်ပါ။ ပြီးရင် ဘယ်နေရာမှာတော့ ဘယ်လိုခံစားလိုက်ရမှာပဲ….ကိုယ်ချင်းစာပါတယ်၊ ကိုယ်သာဆိုရင် ဘယ်လိုဖြစ်မှာပါ။ ဆိုပြီး ကိုယ်ချင်းစာကြောင်းပြောပြပေးပါ။
၃) နှစ်သိမ့်ဆွေးနွေးပေးပါ။
ဘယ်လိုထပ်ပြီးဖြစ်စေချင်တာလဲ….ဘာတွေ ဆက်ဖြစ်လာသေးလဲ….။ စသည်ဖြင့် ဆွေးနွေးပေးပါ။ သူကျေနပ်သွားလောက်တယ်လို့ ထင်ရတဲ့အထိပေါ့။ ဒီအခြေအနေပေါ်မှာ ဘယ်လိုဖြစ်စေချင်နေတာလဲ။ ဖွင့်ပြောခိုင်းပါ။ ဖြစ်သင့် မဖြစ်သင့် ငါတို့အတူဖြေရှင်းကြတာပေါ့…ဆိုတာမျိုး။ တစ်ယောက်တည်းခံစားနေစရာမလိုဘဲ ဖေးမကူညီမယ့်သူတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်း၊ အကူအညီတစ်ခုခုလိုတာနဲ့ အဆင်ပြေအောင် ဖေးမကြမယ်ဆိုတာမျိုးတွေနဲ့ သူ့ရဲ့ရင်ထဲက အခက်အခဲအကြောင်းကို ဆွေးနွေးဖို့လမ်းဖွင့်ပေးပါ။
၄) ကူညီနိုင်သလောက် ကူညီပါ။
Comments
Post a Comment