Posts

Pdf

Image
  Click here to download PDF here https://drive.google.com/uc?export=download&id=1cWCz__5i9ziDAehT_8qA2Ix7U-dEdGjy New https://drive.google.com/uc?export=download&id=1cWCz__5i9ziDAehT_8qA2Ix7U-dEdGjy Download pdf https://drive.google.com/file/d/1cWCz__5i9ziDAehT_8qA2Ix7U-dEdGjy/view?usp=drivesdk Start

အရမ်းကြီး ချစ်မိသွားတဲ့အခါ

Image
အရမ်းကြီး ချစ်မိသွားတဲ့အခါ  အချစ်ဆိုတာက သိပ်ကို ဆန်းကြယ်ပါတယ်။ ခံစားချက်လေး တစ်ခုဆိုပေမယ့် ရှိရှိသမျှ ခံစားချက်တွေထဲက အထူးဆန်းဆုံး အရာလည်း ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်တောင် ကိုယ် မပိုင်တာမျိုးကို ချစ်မိကြသူတွေသာ သိနားလည်ကြပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိတဲ့ သင့် ခံစားချက်တွေကို ဘယ်လို လုပ်ရမယ်ဆိုတာကိုတောင် သင် မပြောင်းလဲနိုင်ပါဘူး။ ဘယ်လိုမျိုးလဲဆိုရင်…. (၁) စိတ်ဆိုးလို့ မရဘူး ချစ်မိသွားရင်တော့ သူက ကိုယ် စိတ်ဆိုးတဲ့ အရာကို လုပ်ရင်တောင်မှ အသိစိတ်အရ စိတ်ဆိုးသင့်တဲ့အရာဆိုတာကို လက်ခံပေမယ့် ခံစားချက်ကတော့ ဘယ်လိုမှ စိတ်မဆိုး ဖြစ်နေတတ်ပါတယ်။ စိတ်ဆိုးသင့်တာကို သိပေမယ့် စိတ်လည်း ဆိုးချင်ပေမယ့် ဘယ်လိုမှ စိတ်ဆိုးမနေတာကတော့ အချစ်စိတ်ကြောင့်ပါပဲ။ (၂) မချစ်လို့ မရဘူး ချစ်မိတဲ့အခါ မချစ်သင့်ဘူး မချစ်နဲ့လို့ တားလို့ မရတော့ပါဘူး။ သူ့အလိုအလျောက် ဖြစ်တာမို့ သင်လည်း တားလို့ ရမှာ မဟုတ်ပါဘူး။ သူ့ကို ချစ်နေတာကို သိနေမယ် ခံစားလို့ ရနေမယ်။ ဒါပေမယ့် ဒီခံစားချက်ကို သင် ဘယ်လိုမှ ပြောင်းလဲ မရပါဘူး။ (၃) မုန်းလို့ မရဘူး ချစ်မိတဲ့အခါ အရှုံးချည်းပဲလို့ ကြားဖူးမှာပါ။ ဒီစကားက တကယ်ပါပဲ။ ချစ်မိတဲ့အခါ သူ ကိုယ့်ကို လမ်းခွဲစကာ...

စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ

Image
အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။  အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။  သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့...

သင့်အပေါ်မုန်းတဲ့သူ ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်မလဲ

Image
သင့်အပေါ်မုန်းတဲ့သူ ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်မလဲ သင့်ဘဝမှာလူအမျိုးမျိုးကို ကြုံဖူးမှာပါ။ ကိုယ့်ရဲ့ကောင်းကျိုးမှန်သမျှကို လိုလားတဲ့သူရှိသလို မကောင်းကျိုးကိုလိုလားတဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ တစ်ချို့ကျတော့ မလိုလားရုံတင်မက ကိုယ့်ရဲ့စွမ်းဆောင်နိုင်ခြင်းမှန်သမျှကိုပါ ဝေဖန်တဲ့သူမျိုး၊ ရှုံ့ချတဲ့သူမျိုး၊ အကောင်းမမြင်တဲ့သူမျိုးစတဲ့လူမျိုးကိုလည်း ကြုံဖူးမှာပါ။ ကြုံလည်းကြုံရမှာပါ။ အဲဒါနဲ့တင်မကျေနပ်နိုင်သေးဘဲ ကိုယ်ကကောင်းအောင်နေရဲ့သားနဲ့ မကောင်းပါဘူးလို့ ကွယ်ရာမှာ ပြောတတ်သူမျိုးကိုလည်း ကြုံရမှာပါ။ ဟုတ်ပါပြီ……ထိုကဲ့သို့ လူမျိုးကို ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ သူနဲ့ တန်တဲ့ တုံ့ပြန်မှုမျိုး ချက်ချင်းကို ပြန်ပေးလိုက်မှာလား။ မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ ၁) လျစ်လျူရှုလိုက်ပါ။ တစ်ခါတစ်လေကျတော့ ကိုယ်က တခြားသူတွေအပေါ် ကောင်းခြင်းဆိုးခြင်း ဘာမှ မဝေဖန်၊ မတွေးတောမိပေမယ့် တစ်ချို့လူတွေက ကိုယ့်အကြောင်းကို ကောင်းကောင်းကြီးဝေဖန်တာမျိုး ကြုံရမှာပါ။ အဲလိုမျိုးကြုံလာတဲ့အခါ မသိချင်ယောင်ဆောင်နေလိုက်ပါ။ ဂရုစ...

သင်လုပ်နိုင်တာကိုသာအာရုံစိုက်ပါ

Image
သင်လုပ်နိုင်တာကိုသာအာရုံစိုက်ပါ ဒီစကားလေးက ကြားလိုက်ရင် ဘာမှမထူးဆန်းသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အဓိပါ္ပယ်ရှိတာသိလာမှာပါ။ တခါတလေမှာ ကျွန်တော်တို့တွေက ဘဝရှင်သန်ရုန်းကန်မှုတွေကြားထဲ နစ်နေရင်းနဲ့ ကိုယ်မလုပ်နိုင်တာတွေကိုသာ မြင်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အပြစ်မြင်ရတာ လွယ်သကိုး။ တခုခုဆိုရင် “မင်းက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဟိုက သူဌေးသားကွ” “နိုင်ငံခြားက ဘွဲ့ဘယ်ယူနိုင်ပါ့မလဲ၊ မင်းကို ဘယ်သူကကျောင်းထားပေးမှာမို့လို့လဲ” “မင်းလားဖြစ်မှာ……ဘယ်နေရာမှာများ ငွေပေါနေလို့လဲ” စသဖြင့် မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ကနေ မြင်ဖို့ကလွယ်ပါတယ်။  တနည်းအားဖြင့် အဆိုးဘက်ကနေမြင်ဖို့လွယ်တယ်ပေါ့။ အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုရင် အဆိုးတွေကိုမြင်ခြင်း တနည်းအားဖြင့် ကိုယ်မတတ်နိုင်တာ၊ ကိုယ်မစွမ်းဆောင်နိုင်တာကိုသာ မြင်တဲ့အတွက် စိတ်ပျက်ပြီး လက်လျှော့ချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ မတတ်နိုင်ဘူးလို့ထင်တဲ့စိတ်အတိုင်းပဲ မကြိုးစားကြည့်တော့ဘဲ တကယ်မဖြစ်မြောက်လာတော့ပါဘူး။ အဲဒါကို သင့်စိတ်ရဲ့သတ်မှတ်ချက်အတိုင်း အရာအားလုံးဖြစ်လာတာလို့ ပြောကြတာဖြစ်ပါတယ်။ အဲဒီ့အကြောင်းအရာရဲ့ဆန့်ကျင်ဘက်အနေနဲ့ ကိစ္စတစ်ခု၊ ဖြစ်ရပ်တစ်ခ...

သင့်စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ

Image
သင့်စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ လူတစ်ယောက်မှာ အပြင်ပန်း ရုပ်ဝတ္ထုပစ္စည်းတွေက မတည်မြဲနိုင်ပါဘူး။ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ သိမ်းထားမယ့် ပညာကသာ ကိုယ်သွားတဲ့နေရာတိုင်းပါလာမှာဖြစ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့ပညာစွမ်းရည်ကိုမဖျက်စီးနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့စွမ်းရည်မြင့်လာဖို့ ကိုယ့်ရဲ့ပညာကိုသာ အမြဲတိုးနေအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ပညာဆိုတာ ဘွဲ့လက်မှတ်တွေတသီကြီးရတာမျိုးကိုပဲ ပြောချင်တာမဟုတ်ပါဘူး။ အတတ်ပညာလည်း အကျုံးဝင်ပါတယ်။ တချိန်မှာ ကိုယ့်အတွက် ပြန်ပြီး အသုံးချဝင်ငွေတိုးစေမယ့် ပညာမျိုးပါ။ တနည်းအားဖြင့် ကိုယ့်ရဲ့စွမ်းရည်ပါ။ ကိုယ့်ရဲ့စွမ်းရည်တိုးလာလေလေ ကိုယ့်ရဲ့ဝင်ငွေလည်း တိုးလာလေလေပါပဲ။ ရောက်ရှိနေတဲ့နေရာကနေ ပိုပြီးမြင့်မားတဲ့နေရာရောက်ဖို့ သင့်စွမ်းရည်က အခြေခံပါပဲ။ အဲဒါကြောင့် သင့်ရဲ့စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ ဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။ ၁) တိကျတဲ့ပန်းတိုင်သတ်မှတ်ပါ သင့်စွမ်းရည်တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကိုယ်သိဖို့လိုပါတယ်။ ကိုယ်တိုင်ဘာဖြစ်ချင်မှန်းမသိရင် ဘာလုပ်ရမယ်မှန်းလည်းသိမှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ကိုယ့်ထက်ပိုပြီးတော်တဲ့သူတွေများလာသလို၊ အမျိုးမျိုးအောင်မြင်နေတဲ့သူတွေကိုကြည့်ပြီး က...